လူမှုကွန်ယက် မှ ဆက်သွယ်ရန်

Authentic နှင့် ခရီးသွားစို့

ဗီယက်နမ် မြောက်ပိုင်း (A)

ဗီယက်နမ် မြောက်ပိုင်း (A)
ရက် ခရီးစဉ်
၉၆၀ ဒေါ်လာ

Hightlight
လေယာဉ်စီးချိန်

၁ နာရီ ၅၀ မိနစ်

အချိန်ကွာခြားမှု

+ ၃၀ မိနစ်

ရာသီဥတု

ဇန်နဝါရီလ မှ မတ်လ ထိ - နွေဦးရာသီ (17° C to 20° C)
ဧပြီလ မှ ဇွန်လ ထိ - နွေရာသီ (24° C to 30° C)
ဇူလိုင်လ မှ စက်တင်ဘာလ ထိ - ဆောင်းဦးရာသီ (28° C to 30° C)
အောက်တိုဘာလ မှ ဒီဇင်ဘာလ ထိ - ဆောင်းရာသီ (19° C to 26° C)

ဘာသာစကား

Vietnamese

အဓိက အစားအစာ

ထမင်း၊ အသားနှင့် ဟင်းသီးဟင်းရွက်

သုံးစွဲသည့်ငွေ

Vietnam Dong

Download Program

ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသည် အရှေ့တောင်အာရှ၊ အင်ဒိုချိုင်းနား ကျွန်းဆွယ်၏ အရှေ့ဖက်စွန်းတွင် တည်ရှိသော နိုင်ငံဖြစ်သည်။ ဗီယက်နမ်နိုင်ငံသည် လွတ်လပ်ရေးရပြီးသောနိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမြင့်ဆုံးနိုင်ငံများတွင် ပါဝင်သည်။ ဗီယက်နမ်သည် ကမ္ဘာပေါ်ရှိ တစ်ပါတီစနစ် ကျင့်သုံးပြီး၊ ကွန်မြူနစ်စနစ် ကိုလက်ခံကျင့်သုံးသော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။

ITINERARY AT A GLANCE

DAY 01 YANGON HANOI

Yangon အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာပြီး Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိမည် ဖြစ်ပါသည်။ လေဆိပ်သို့ ရောက်ရှိသည်နှင့် ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး ဟိုတယ်သို့ ပို့ဆောင်ကာ Check-in ဝင်ပြီး ခေတ္တ အနားယူပါမည်။ ထို့နောက် Water Puppet Show ကို ကြည့်ရှုခံစားကြမည် ဖြစ်ပါသည်။

ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်း ဧည့်ခံပါမည်။

ထို့နောက် ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူပါမည်။

DAY 02 HANOI HALONG

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာသုံးဆောင်ပြီးနောက်တွင်  Halong Bay တွင် (၃) နာရီခွဲခန့် သင်္ဘောစီးပြီး ကျေးလက်ဒေသ၏ အလှ၊ လယ်ကွင်းပြင်ကြီးများ၏ အလှနှင့် ကျေးလက် လယ်သမားများ ကို ကမ်းခြေတစ်လျှောက် လှည့်လည်ကြည့်ရှု ပါမယ်။ သဘာဝ၏အလှတရားကို အပြည့်အဝ ခံစားနိုင်သော ကျောက်စက်ပန်းဆွဲများအား အပန်းဖြေလေ့လာ ကြည့်ရှုရင်း ၊ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးလိုသည့် ခရီးသွားချစ်သူများအတွက် အကောင်းဆုံးနေရာတစ်ခုဖြစ် ပါတယ်။

ညနေပိုင်းတွင်လည်း ပင်လယ်ပြင်နှင့်အတူ နေဝင်ဆည်းဆာအလှခံစားရင်း ကိုသင်္ဘောပေါ်မှာ ညစာ တည်ခင်း ဧည့်ခံပါမယ်။

ညနေဆည်းဆာအလှဖြင့်သာမက ညပိုင်းမှာလဲ ပင်လယ်ပြင်ရဲ့ သာယာမှု၊ အေးဆေးမှု၊ လွတ်လပ်မှုတို့ကို ခံစားပြီး သဘောင်္ပေါ်မှာ အိပ်စက်အနားယူရဦးမှာပါ။

DAY 03 HALONG HANOI

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပါမည်။

နံနက်စာ သုံးဆောင်ပြီးနောက်တွင် Halong ပင်လယ်အော်၏ သာယာလှပသော အလှကိုကြည့်ရှုခံစားရင်း သင်္ဘောပေါ်တွင် နံနက်စာသုံးဆောင်ပြီး နောက်တွင် ဟလောင်ဘေးရဲ့ လှပသောထုံးကျောင်ကျွန်းများ ရှိရာကျွန်းများ နှင့် စိမ်းမြနေသော ပင်လယ်ရေပြင်ပေါ်တွင် လိုက်ပါစီးနင်းပြီး ဟလောင်းမြို့သို့ ပြန်လာပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက်တွင် ဟနွိုင်းမြို့သို့ ပြန်လည်ထွက်ခွာပါမည်။ ဟနွိုင်းမြို့သို့ ရောက်သောအခါတွင်  အထင်ရညဈေးများဖြစ်သော Trang Tien Plaza or Old Quarter or Dong Xuan Market စသည် ညဈေးတစ်ခုခုတွင် ဈေးဝယ်ထွက်ပါမည်။

နေလည်စာ နှင့် ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ဟိုတယ်သို့သွားကာ Check In ဝင်ပြီး အိပ်စက်အနားယူမည် ဖြစ်ပါသည်။

DAY 04 HANOI YANGON

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးဆောင်ပြီးနောက်တွင် Ba Dinh ရင်ပြင် သို့ သွားရောက်ပြီး ဗီယက်နမ်လူမျိုးတို့အတွက် နိုင်ငံခေါင်းဆောင်ဟိုချီမင်းမှ လွတ်လပ်ရေး နေ့ ကြော်ငြာစာတမ်းဖတ်ကြားခဲ့သော နေရာဖြစ်ပြီး အာဇာနည် သူရဲကောင်း ဟိုချီမင်း၏ ဂူဗိန်မာန်တော် ( Ho Chi Minh’s Mausoleum the final resting place ) ၊ ဗီယက်နမ်လူမျိုးများ၏ ရှေးယခင်ဘုရင် မင်းမြတ် Ly Thai To (၁၀၄၉) တွင် တိုင်တစ်ခုတည်းဖြင့် တည်ဆောက် ခဲ့သော One Pillar Pagoda နှင့် ဗီယက်နမ်နိုင်ငံရဲ့ ပထမဆုံး တက္ကသိုလ်ဖြစ်သည့် Temple of literature စသော အထင်ကရ နေရာများသို့ လိုက်လံပို့ဆောင်ပေးပါမည်။

နေ့လည်စာအားဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့် သည်ခံပါမည်။

နေလည်စာသုံးဆောင်ပြီးသည် နှင့် ခရီးစဉ်ပြီးဆုံးပြီဖြစ်ပါသဖြင့် လေဆိပ်သို့ လိုက်လံပို့ဆောင်ပေးပါမည်။

** ဗီယက်နမ် ခရီးစဉ် ပျော်ရွှင်စွာ ပြီးဆုံးပါပြီ ** 

Close menu