ဘာလီကျွန်းသည် အင်ဒိုနီးရှားနိုင်ငံ၏ တောင်ကုန်းတောင်တန်းများ၊ ကမ်းရိုးတန်းများ၊ လှပသော သဲသောင်ပြင်များနှင့် ကမ်းခြေကို ပိုင်ဆိုင်ထားသည့်အပြင်၊ ထင်ရှားကျော်ကြားသော ဘုရားကျောင်းများ ရှိသည့် ကျွန်းတစ်ကျွန်းလည်း ဖြစ်ပါသည်။ ထို့အပြင် ထူးခြားသော ယဉ်ကျေးမှုထွန်းကားရာ၊ မီးငြိမ်းတောင် များတည််ရှိရာ ရှုမောဖွယ် သဘာဝ အလှအပများ ဖြစ်ထွန်းတည်ရှိနေသော ကျွန်းတစ်ကျွန်းလည်းဖြစ်သည်။
ITINERARY AT A GLANCE
DAY | DATE | DEPARTURE | VISIT / FLIGHT | ARRIVE |
---|---|---|---|---|
DAY 01 | 2020 | YANGON | MALAYSIA | MALAYSIA |
DAY 02 | 2020 | MALAYSIA | BALI | BALI |
DAY 03 | 2020 | BALI | BALI | BALI |
DAY 04 | 2020 | BALI | BALI | BALI |
DAY 05 | 2020 | BALI | NUSA PENIDA | BALI |
DAY 06 | 2020 | BALI | BALI | BALI |
DAY 07 | 2020 | BALI | MALAYSIA | YANGON |
Yangon အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စတင်ထွက်ခွာပြီး၊ Malaysia နိုင်ငံ Kuala Lumpur လေဆိပ်သို့ ဆိုက်ရောက်မှာ ဖြစ်ပါတယ်။ ထိုမှတဆင့် Malaysia နိုင်ငံ Kuala Lumpur လေဆိပ်မှ ပြန်လည်ထွက်ခွာပြီး Indonesia နိုင်ငံ Denpasar မြို့ရှိ Ngurah Rai အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ မည်ဖြစ်သည်။ လေဆိပ်တွင် ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပါမည်။
ဟိုတယ်သို့ Check In ဝင်ကာ အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။
နံနက်စာ သုံးေးဆာင်ပြီးနောက်တွင် မီတာ ၁၂၀ ရှိသော Lord Vishnu ရုပ်ထု နှင့် ၈၀ မီတာ ခန့်ရှိသော Garuda ရုပ်ထုကြီးရှိရာ Garuda Wisnu kencana Cultural Park (GWK Park) သို့သွားရောက် လေ့လာ လည်ပတ်ကြပါမည်။ ထိုမှတဆင့် Bukit Peninsula တွင်ရှိသော ကမ္ဘာလှည့်ခရီးသွားများ နှစ်သက် သဘောကျသည့် Padang Padang Beach သို့သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက်တွင် (၁၁) ရာစုက တည်ဆောက်ခဲ့သော Bali ရဲ့ Landmark တစ်ခု ဖြစ်ပြီး ၇၀ မီတာ မြင့်သော ကျောက်ကမ်းပါးပေါ်တွင် တည်ထားသည့် Temple တခုဖြစ်သော Uluwata Temple သို့သွားရောက်လည်ပတ်ရင်း ညနေဆည်းစာအလှကို ခံစားကာ Kecak Dance ကို ကြည့်ရှုကြပါမည်။ ထို့နောက် နာမည်ကြီး Jimbaran Beach သို့သွားရောက် အပန်းဖြေပါမည်။
နေ့လည်စာ ကို ဒေသခံစားသောက်ဆိုင် တွင်တည်ခင်းဧည့်ခံပါမည်။
ညစာကို Jimbaran Beach တွင် Seafood ဖြင့် တည်ခင်းဧည့်ခံ ပါမည်။
ညစာသုံးဆောင်ပြီးနောက်တွင် ဟိုတယ်သို့ ပြန်ကာ အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။
နံနက်စာ သုံးေးဆာင်ပြီးနောက်တွင် Bali ၏ ဒုတိယအကြီးဆုံး ဘုရားကျောင်း ဖြစ်သည့် Taman Ayun Temple သို့ သွားရောက် လည်ပတ်ကြပါမည်။ ထိုမှ တဖန် ဘာလီ ကော်ဖီတို့လည်း Spices Garden တွင် သောက်သုံးကြပါမည်။ ထို့နောက် Bedugul ဒေသရှိ Bratan ရေကန်တွင် တည်ရှိသော Ulun Danu Temple သို့ သွားရောက်လည် ပတ်ပါမည်။
နေ့လည်စာကို အင်ဒိုလူမျိုးတို့၏ ရိုးရာအစားအသောက်များဖြင့် တည်ခင်းဧည့်ခံပါမည်။
နေ့လည်စာသုံးဆောင်ပြီးနောက်တွင် မီးတောင်ကျောက် စွန်းများပေါ်တွင် တည်ဆောက်ထားသော Hindu လူမျိုးတို့ ကိုးကွယ်ယုံကြည်သည့် Floating Temple ဟုထင်ရှားသော Tanah Lot Temple သို့ သွားရောက်လည်ပတ်ကြပါမည်။
ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။
ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။
နံနက်စာ သုံးဆောင်ပြီးနောက်တွင် Bali ၏ အရှေ့ဘက်အခြမ်းတွင် ရှိသောနေရာများ သို့ သွားရောက် လည်ပတ်ကြပါမည်။ ၁၁ ရာစုနှစ်လက်ရာများနဲ့ ဟိန္ဒူ ဘာသာဝင်တို့ တန်ဖိုးထားရာ Bat Cave Temple ။ နိဗ္ဗာန်တခါးဟု တင်စားရလောက် အောင်လှသည့် Heavens Gate, ရေပေါ်နန်းတော် Taman ujung water palace တို့ကိုသွားရောက် လည်ပတ်ကြပါမည်။
နေ့လည်စာကို အင်ဒိုလူမျိုးတို့၏ ရိုးရာအစားအသောက်များဖြင့် တည်ခင်းဧည့်ခံ ပါမည်။
နေ့လည်စာ သုံးဆောင်ပြီး နောက်တွင် Lempuyang Heaven Gate Temple တို့ကို သွားရောက်လည်ပတ်ကာ အလှဓါတ်ပုံများ ရိုက်ကူးကြပါမည်။
နေ့လည်စာ နှင့် ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။နံနက်စာ သုံးေးဆာင်ပြီးနောက်တွင် Hotel မှ Sanur Beach သို့ ထွက်ခွာပါမည်။ ထိုမှတဆင့် Sanur မှ လှေဖြင့် Nusa Penida သို့ဆက်လက်ခွာ ပါမည်။ Nusa Penida သို့ရောက်သောအခါ ဆက်လက်၍ ကားဖြင့် Angel Billabong, Broken Beach, Kelingking beach, တို့ကို သွားရောက်လည်ပတ်ကာ အလှဓါတ်ပုံများ ရိုက်ကူးကြပါမည်။
နေ့လည်စာ နှင့် ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။
ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။
နံနက်စာ သုံးေးဆာင်ပြီးနောက်တွင် Kintamani Volcano နှင့် Lake View သို့သွားရောက် လေ့လာ လည်ပတ်ကြပါမည်။ ထို့နောက် Luwak Coffee ပြုလုပ် ရာသို့ သွားရောက်လည်ပတ်ရင်း အမှတ်တရ လက်ဆောင်များ ဝယ်ကြပါမည်။ ထိုမှ တဖန် Tampaksiring မြို့ အနီးတွင်ရှိသော ဒေသခံ Hindu လူမျိုးတို့၏ ရိုးရာဓလေ့အရ ယုံကြည်စွာ ကိုးကွယ်ဆု တောင်းကြသည့် Tirta Empul Temple ဟုခေါ်သော Holy Spring Temple ဖြစ်သည့် ကြည်လင် သန့်စင်သည့် ရေပူစမ်းရှိရာ ဘုရားကျောင်းသို့ သွားရောက်ကာ လေ့လာလည် ပတ်ရင်း ဝတ်ပြု ဆုတောင်း ကြပါမည်။
နေ့လည်စာ နှင့် ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။
ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။
နံနက်စာသုံးဆောင်ပြီးနောက်တွင် လေယာဉ်ကွင်းသို့ မထွက်ခွာမီ မိမိစိတ် ကြိုက်အနားယူ လည်ပတ်နိုင်ပါသည်။ ထို့နောက် Indonesia နိုင်ငံ Denpasar မြို့ရှိ Ngurah Rai အပြည်ပြည် ဆိုင်ရာလေဆိပ် သို့လိုက်လံပို့ဆောင်ပါမည်။ Ngurah Rai အပြည်ပြည်ဆိုင်ရာလေဆိပ် မှ စတင်ထွက်ခွာ ပြီး Malaysia နိုင်ငံ Kuala Lumpur လေဆိပ်သို့ ဆိုက်ရောက်မှာ ဖြစ်ပါတယ်။ ထိုမှတဆင့် Kuala Lumpur လေဆိပ်မှ ပြန်လည်ထွက်ခွာပြီး၊ Yangon အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်မှာဖြစ်ပါသည်။
***ဘာလီ ခရီးစဉ် ပျော်ရွှင်စွာ ပြီးဆုံးပါပြီ***